စပါးအသင်းက နည်းပြ ပိုစတီကိုဂလူး ကို ရာထူးမှထုတ်ပယ်ပြီး ဘရန့်ဖို့ဒ်အသင်းနည်းပြဖြင့် အစားထိုးရန် ပြင်ဆင်

08 Jun

စပါးအသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီ အမှတ်ပေးပြိုင်ပွဲတွင် အဆင့်(၁၇)နေရာမှာ ရပ်တည်ခဲ့လို့ အသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဘောလုံးရာသီနှင့် ကြုံတွေ့ခဲ့ရပြီးနောက် နည်းပြ ပိုစတီကိုဂလူး ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ၎င်းနေရာတွင် ဘရန့်ဖို့ဒ်အသင်းနည်းပြ ဖရန့် နဲ့ အစားထိုးရန် ပြင်ဆင်လျက်ရှိပါတယ်။ နည်းပြ ပိုစတီကိုဂလူး အနေနဲ့ စပါးအသင်းကို ၄၁ နှစ်ကြာဝေးကွာနေတဲ့ ယူရိုပါလိဂ်ချန်ပီယံဆုဖလား ရယူပေးနိုင်ခဲ့သော်လည်း အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ပိုင်းဆိုးရွားခဲ့မှုကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲအပြီး ရက်သတ္တနှစ်ပတ် ကျော်တွင် စပါးအသင်းမှထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။ နည်းပြ ပိုစတီကိုဂလူ လက်ထက်တွင် စပါးအသင်း ကစားပုံတိုးတက်လာခဲ့သော်လည်း အဓိကကစားသမားများ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ကာ ပြိုင်ပွဲစုံတွင် ရလဒ်ကောင်းရယူနိုင်ရန် ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီပြီးဆုံးချိန်တွင် အမှတ်ပေးပြိုင်ပွဲတွင် ၂၂ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၃၈ မှတ် သာရရှိခဲ့လို့ အဆင့် (၁၇)တွင်ရပ်တည်ခဲ့ကာ အဆိုးရွားဆုံးဘောလုံးရာသီနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ ပိုစတီကိုဂလူး အနေနဲ့ စပါးအသင်းသို့ ၂၀၂၃ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး အသင်းနှင့် လေးနှစ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း ဘောလုံးရာသီနှစ်ရာသီ ကုန်ဆုံး ချိန်တွင် အသင်းမှထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။(NVS 008)

08 Jun

ADVERTISE HERE .