ဂရီးလစ်ရှ် အတွက်ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၄၀ သတ်မှတ်လိုက်တဲ့ မန်စီးတီး
08 Jun
မန်စီးတီးအသင်းက ဂရီးလစ်ရှ် ကို အသင်း၏အနာဂတ်စီမံကိန်းတွင် ထည့်သွင်းခြင်းမရှိတော့လို့ လက်ရှိ နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချရန်ဆုံးဖြတ်ထားသလို လာမည့်ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကစားမည့် အသင်းကစားသမားစာရင်းမှလည်း ချန်လှပ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်ရှိ ဂရီးလစ်ရှ် အနေနဲ့ မန်စီးတီးအသင်းတွင် လေးရာသီကြာကစားခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၅၇ ပွဲတွင် ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းက လက်ရှိနွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် ရောင်းချရန်ဆုံးဖြတ်ထားသည့် ဂရီးလစ်ရှ် အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၄၀ သတ်မှတ်ခဲ့ပါတယ်။ ဂရီးလစ်ရှ် ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ စံချိန်တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ ဖြင့် အေဗီလာအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပါတယ်။ အေဗီလာအသင်းမှာ ကစားခဲ့စဉ်က ထိပ်တန်းအဆင့်ခြေစွမ်းကို ပြသနိုင်ခဲ့သော်လည်း မန်စီးတီးအသင်းတွင် ဘောလုံးရာသီတိုင်း ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရပြီးနောက် လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ရောင်းချရန်အတွက် မန်စီးတီးအသင်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)