လီဗာပူးလ်အသင်း၌ လူးဝစ်ဒီယက်ဇ် ဆက်ရှိနေမည်

08 Jun

တောင်ပံကစားသမား လူးဝစ်ဇ်ဒီယက်ဇ် အနေနဲ့ လီဗာပူးလ်အသင်းမှ ထွက်ခွာမည့်သတင်းများမှာ မှန်ကန်မှု မရှိဘဲ အသင်း၌သာဆက်ရှိနေမည်ဖြစ်ကြောင်း လီဗာပူးလ်အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် တောင်ပံကစားသမား ဒီယက်ဇ် ဟာ လက်ရှိဈေးကွက်အတွင်း ဘာစီလိုနာအသင်းက ခေါ်ယူရန် ကမ်းလှမ်းမှုများရှိခဲ့သော်လည်း လီဗာပူးလ်အသင်းက ပယ်ချခဲ့ပါတယ်။ ဒီယက်ဇ် ဟာ လီဗာပူးလ်အသင်းနဲ့ အတူ ၂၀၂၁-၂၀၂၂ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၄၈ ပွဲကစားကာ ၄၁ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အသင်းအတွက် များစွာအထောက်အကူပြုနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ထုတ်ပြန်ချက်တွင် ဒီယက်ဇ် အနေနဲ့ အသင်းတွင်ဆက်ရှိနေမှာဖြစ်ပြီး ၎င်းက အသင်းအတွက် လိုအပ်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

08 Jun

ADVERTISE HERE .