ဇွန်လ ၉ ရက်မှ ၁၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းမည်
08 Jun
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ပြီး အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် လာမည့် ဇွန်လ ၉ ရက်မှ ၁၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ် အချို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးသည်းထန်စွာရွာသွန်းပြီး အချို့ဒေသ များတွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရပါတယ်။ အဆိုပါ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ သတိပြု နေထိုင်ကြရန် အသိပေးထုတ်ပြန်ထားပါတယ်။(NVS 004)