အန်ဂျလိုစတယ်လာ အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ အထိ ရရှိလိုတဲ့ စတုဂတ်အသင်း
07 Jun
ဘွန်ဒက်လီဂါကလပ် စတုဂတ်အသင်းက အသင်းကွင်းလယ်ကစားသမား အန်ဂျလို စတယ်လာ ရဲ့ ပြောင်းရွှေ့ ကြေးကို ယူရိုသန်း ၅၀ အထိ အလိုရှိနေကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားကို လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား အန်ဂျလို စတယ်လာ အနေနဲ့ စတုဂတ်အသင်းနှင့်အတူ ၂၀၂၃-၂၀၂၄ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ပွဲ ၈ဝ ကစားပြီး ငါးဂိုးသွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ စတုဂတ်အသင်းက အန်ဂျလိုစတယ်လာ အတွက် ၄င်းတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးချေမည့် မည်သည့်အသင်းကိုမဆို ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက စတုဂတ်အသင်း အလိုရှိတဲ့ ပြောင်းရွှေ့ကြေးအတိုင်းပေးချေပြီး အန်ဂျလို စတယ်လာ အား ခေါ်ယူသွားနိုင်မလားဆိုတာ စိတ်ဝင်စား ဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (NVS 008)
07 Jun