“ဘူဆန်နိုင်ငံတကာ ပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲ၌ မြန်မာနိုင်ငံမှပါဝင်ပြသရန်ဖိတ်ခေါ်”
06 Junတောင်ကိုရီးယားနိုင်ငံ၌ နိုဝင်ဘာလ ၅ ရက်မှ ၇ ရက်အထိကျင်းပမည့် ဘူဆန်နိုင်ငံတကာ ပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲ (၂ဝ၂၅) တွင် မြန်မာနိုင်ငံမှပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ ဘူဆန်နိုင်ငံတကာ ပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲတွင် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ ပါဝင် ပြသနိုင်ရေးအတွက် ၃ မီတာပတ်လည်ရှိသော ပြခန်းတစ်ခန်းကို ပြပွဲကျင်းပရေးကော်မတီမှ အခမဲ့စီစဉ်ပေးမှာဖြစ်ပြီး နောက်ထပ်ပြခန်းများ ထပ်မံငှားရမ်းလိုပါက အဆင်ပြေစေရန် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပြပွဲ၌ပါဝင်ပြသရာတွင် Visa လျှောက်ထားခြင်း၊ ပြသမည့်ပစ္စည်းများသယ်ယူခြင်းနှင့် တောင်ကိုရီးယားနိုင်ငံ အတွင်း နေထိုင်သွားလာခြင်းများအတွက် ကုန်ကျစရိတ်များကို မိမိတို့အစီအစဉ်ဖြင့် အကုန်အကျခံ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ၀၆၇-၄၀၈၆၂၃ နှင့် Email - [email protected] သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)