“အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့တဲ့ ဂျပန်စကားပြန် ၂၃ ဦးကို ဂုဏ်ပြုလွှာချီးမြှင့်”

06 Jun

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ခဲ့ရသူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာအဖွဲ့ (JDR) ပါဝင်ခဲ့ပါတယ်။ အဆိုပါအဖွဲ့ မြန်မာနိုင်ငံ၌ကူညီမှုများ ပြုလုပ်ပေးနေစဥ် ပြောဆိုဆက်သွယ်မှုအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံသား ၂၃ ဦးမှ ဂျပန်စကားပြန်များအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဒါကြောင့် ပါဝင်ကူညီပေးခဲ့ကြတဲ့ ဂျပန်စကားပြန် ၂၃ ဦးကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ မေလ ၃၀ ရက်က ဂျပန်သံရုံးရဲ့ သံတမန်ရေးရာလုပ်ငန်းများမှာ အရေးပါသောအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကူညီပေးသော လူပုဂ္ဂိုလ် တစ်ဦးချင်းနှင့်အသင်းအဖွဲ့များသို့ ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ ဂျပန်သံအမတ်ကြီးရဲ့နေအိမ်မှာ ဂုဏ်ပြုမှတ်တမ်းလွှာ များကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ အဆိုပါဂုဏ်ပြုမှတ်တမ်းလွှာများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးရဲ့ အကြီးအကဲ မစ္စတာယိုရှိတခဲ ရှိုးဂို က ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 004)

06 Jun

ADVERTISE HERE .