“လားရှိုးမြို့မှာ စက်သုံးဆီတစ်လီတာ ကျပ် ၅,၀၀၀ နှုန်းနဲ့ လိုသလောက် ဝယ်ယူနိုင်”
06 Jun
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇွန်လ ၄ ရက်မှ စတင်ကာ စက်သုံးဆီ တစ်လီတာကို ကျပ် ၅,၀၀၀ နှုန်းနဲ့ လိုအပ်သလောက်ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၁ ရက်မှ ဇွန်လ ၃ ရက်အထိ စက်သုံးဆီ တစ်လီတာကို ကျပ် ၄,၅၀၀ နှုန်းနဲ့ ဝယ်ယူနေရာမှ ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လားရှိုးမြို့မှာ စက်သုံးဆီရောင်းချပေးမှုကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရဲ့ စီစဉ်ပေးမှုနဲ့ စက်သုံးဆီ 92 နှင့် ပရီမီယံဆီအပါအဝင် ဒီဇယ်ဆီ တို့ကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ လားရှိုးမြို့မှာ ပြည်နယ်အစိုးရအစီအစဉ်နဲ့ ရောင်းချပေးနေတဲ့ စက်သုံးဆီဆိုင် ၂ ဆိုင်ရှိပြီး၊ လားရှိုးကြီး အ.ထ.က (၃) ရှေ့ REGENCY စက်သုံးဆီဆိုင်နှင့် လားရှိုးမြို့အထွက် အသောကစက်သုံးဆီဆိုင်တို့မှာလည်း ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)
06 Jun