“သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြု၍ ခရီးသွားဝန်ဆောင်မှု ဆောင်ရွက်နေ”
06 Jun
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များနဲ့ ဝန်ဆောင်မှုပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။ လက်ရှိမှာ ယာဉ်အစီးရေ ၉၀ ကျော်နဲ့ စတင်၍သွားလာနိုင်စေရန် စီစဉ်ဆောင်ရွက်နေပါတယ်။ သုံးဘီးယာဉ်များကို စီးနင်းသွားလာရာမှာ အဆင်ပြေစေရန်နှင့် လုံခြုံစိတ်ချစွာနဲ့ ခေါ်ယူရလွယ်တဲ့ Grab ကဲ့သို့ Maxride application ကနေတဆင့်လည်း ခေါ်ယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ သန်လျင်မြို့နယ် အတွင်း ယာဉ်အစီးရေ ၉၈ စီးနဲ့ စတင်ဝန်ဆောင်မှုပေးနေပြီး အခြား ၁၃ မြို့နယ်မှာလည်း အဆိုပါ application ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ခရီးသွားပြည်သူများအနေနဲ့လည်း သုံးဘီးအငှားယာဉ် အသုံးပြုသွားလာရာ ပစ္စည်း၊ ဖုန်းနှင့် အခြားအရေးကြီး စာရွက်စာတမ်းများ ကျန်ခဲ့သည်ကအစ ပိုင်ရှင်လက်ဝယ်ပြန်လည်ရရှိနိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)