“မုံရွာမြို့မှာ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး”

06 Jun

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများကို ဇွန်လ ၅ ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုနဲ့ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မုံရွာမြို့နယ်ပညာရေးဌာနတို့ပူးပေါင်းကာ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်ပါတယ်။ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သောအဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးရာ မုံရွာမြို့နယ် ပညာရေးမှူးက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

06 Jun

ADVERTISE HERE .