“မိုင်းပျဉ်းမြို့နယ်၌ တိုင်းရင်းသား ၅၀၀ ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး ၂၄၇ ဦး ရဟန်းခံရှင်ပြု”

06 Jun

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ပေါင်း ၂၂ ရွာမှ တိုင်းရင်းသား ၅၀၀ ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် ၂၄၇ ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန်လ ၃ ရက် နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေ တာကော်၊ ဟွေဟင်၊ ၇ မိုင်သီရိမင်္ဂလာကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ၂၂ ရွာမှ ရှမ်း၊ လားဟူ၊ လီဆူ၊ ပလောင် တိုင်းရင်းသား၊တိုင်းရင်းသူ ၅၀၀ ကျော်မှ ဗုဒ္ဓအဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်း ဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ) နယ်ခြားကော်မတီ ဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်ပါတယ်။ ဒါ့အပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်တဲ့ တိုင်းရင်းသား မိသားစုဝင် များကို ဘုရားဆင်းတုတော်၊ ဆန်နှင့် အလှူငွေများ၊ 6000w sola ၂၄ စုံ၊ စတုပစ္စယာနုဂ္ဂဟပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။ (NVS 004)

06 Jun

ADVERTISE HERE .