“တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် အရေးယူဆောင်ရွက်ရေး အစည်းအဝေးပြုလုပ်”

05 Jun

တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာထိခိုက်စေသည့်အတွက် ထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်နိုင်ရေးအတွက် ဇွန်လ ၄ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က တရားမဝင်ကုန်သွယ်မှုများသည် ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေသည့် အတွက် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက် ရန်နှင့် သွင်းကုန်သာမက ပို့ကုန်များကိုလည်း စိစစ်ဆောင်ရွက်ရန်၊ လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် လုပ်ကိုင် ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။ ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော် က ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနေမှုနှင့် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးအရေးယူ ဆောင်ရွက်နေမှုများ၊ အထူးအဖွဲ့အတွင်းရေးမှူး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်အောင် က တရားမဝင်ကုန်သွယ်မှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အမှုတွဲ ၂,၅၉၉ မှု ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်မှု၊ ဦးဆောင်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ လက်ရှိဆောင်ရွက်နေမှုများ၊ မြဝတီကုန်သွယ်ရေးဇုန် ကုန်သွယ်ရေးဦးစီးဌာနတာဝန်ခံ ညွှန်ကြားရေး မှူးက မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေများနှင့် ခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ များက သက်ဆိုင်ရာခရိုင်များအလိုက် ဘဏ္ဍာနှစ်အလိုက် တားဆီး/ဖမ်းဆီးအရေးယူခဲ့မှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့ပါတယ်။ (NVS-004)

05 Jun

ADVERTISE HERE .