“အယ်လ်ဗာရက်ဇ် ကို မရောင်းသေးဘူးလို့ အက်သလက်တီကိုဥက္ကဋ္ဌ အတည်ပြု”

05 Jun

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ စီရီဇို က အခုနွေရာသီမှာ အသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို ရောင်းချမှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ဟာ ၂၀၂၄ နွေရာသီကမှ မန်စီးတီးအသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းဆီသို့ ယူရို ၉၅ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ် ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၄ ပွဲမှာ ၂၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် အခုနွေရာသီမှာ သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ လီဗာပူးလ်၊ အာဆင်နယ်တို့အပြင် လာလီဂါချန်ပီယံ ဘာစီလိုနာနဲ့ စီးရီးအေထိပ်သီး အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းဥက္ကဋ္ဌ စီရီဇို ကတော့ အယ်လ်ဗာရက်ဇ် ဟာ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ အသင်းကစားသမားအဖြစ် ဆက်ရှိနေမယ်လို့ အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

05 Jun

ADVERTISE HERE .