“အင်တာမီလန်အသင်းနဲ့ အဆက်အသွယ်မရှိဘူးလို့ဆိုတဲ့ မာဆေးလ်နည်းပြ ဒီဇယ်ဘီ”
05 Jun
မာဆေးလ်နည်းပြ ဒီဇယ်ဘီ က သူ့အနေနဲ့ အင်တာမီလန်အသင်းနဲ့ အဆက်အသွယ်မရှိဘူးလို့ ငြင်းဆန်ပြောကြားခဲ့ပါတယ်။ အင်တာမီလန်အသင်းနဲ့ အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ နှစ်ဦးသဘောတူ လမ်းခွဲကြောင်း ကြေညာခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြ ဆီမြွန်နီအင်ဇာဂီရဲ့ နေရာမှာ အစားထိုးဖို့အတွက် မာဆေးလ်အသင်းနည်းပြ ဒီဇယ်ဘီ ကို ချိတ်ဆက်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် မာဆေးလ်နည်းပြ ဒီဇယ်ဘီ က အင်တာမီလန်အသင်းနဲ့ အဆက်အသွယ်မရှိသလို ဘယ်အသင်းကမှ သူ့ကို ချိတ်ဆက်နေခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ် အီတလီလူမျိုးနည်းပြ ဒီဇယ်ဘီဟာ မာဆေးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ (NVS 008)
05 Jun