“လိုင်ယွန်ကွင်းလယ်ကစားသမား ချာကီ ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တဲ့ မန်စီးတီးအသင်း”
05 Jun
မန်စီးတီးအသင်းဟာ လိုင်ယွန်ကွင်းလယ်ကစားသမား ချာကီ ကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဟာ အခုနွေရာသီမှာ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဘယ်လ်ဂျီယံ ဝါရင့်ကွင်းလယ် ကစားသမား ဒီဘရိုင်း ရဲ့နေရာမှာ အစားထိုးဖို့အတွက် ချာကီ ကို အလိုရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအသင်း အနေနဲ့ အသက် ၂၁ နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမား ချာကီ ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး လိုင်ယွန်အသင်းနဲ့ ဆွေးနွေးမှုမှာလည်း တိုးတက်နေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ချာကီကို ခေါ်ယူဖို့အတွက် လိုင်ယွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေး ပေါင် ၂၅ သန်းကို ပေးချေဖို့ အသင့်ရှိနေပါတယ်။ ချာကီ ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၁၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ (NVS 008)