“ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ကူဒပ်စ် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီးအသင်း” NVS 008- June 5, 2025.

05 Jun

ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ကူဒပ်စ် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းက အခုနွေရာသီမှာ အသက် ၂၄ နှစ်အရွယ် ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ကူဒပ်စ် ကို ခေါ်ယူနိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ကူဒပ်စ် ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ် သက်တမ်းရှိနေပြီး ၎င်းစာချုပ်လျော်ကြေးက ပေါင် ၈၅ သန်း ဖြစ်ပါတယ်။ ကူဒပ်စ် ဟာ ညာတောင်ပံမှာသာမက ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနိုင်ကာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းက ကူဒပ်စ် ကို ရောင်းချလိုခြင်းမရှိတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ကူဒပ်စ် ကို ခေါ်ယူမည်ဆိုရင် စာချုပ်လျော်ကြေး ပေါင် ၈၅ သန်းကို ပေးချေရဖွယ်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

05 Jun

ADVERTISE HERE .