“ပြင်သစ်အိုးပင်းမှာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့တဲ့ အယ်ကာရက်ဇ်”

05 Jun

ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း လက်ရှိချန်ပီယံ စပိန်နိုင်ငံသား အယ်ကာရက်ဇ် ဟာ အခုနှစ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ အယ်ကာရက်ဇ် ဟာ ဆီဒင်အဆင့် ၁၂ ရထားတဲ့ အမေရိကန်နိုင်ငံသား တွမ်မီပေါလ် နဲ့ ယှဉ်ပြိုင်ခဲ့ရဖြစ်ပါတယ်။ အယ်ကာရက်ဇ် ဟာ ပေါလ် ကို ၆-၀၊ ၆-၁၊ ၆-၄ ရလဒ်နဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အယ်ကာရက်ဇ် က လက်စွမ်းကို အကောင်းဆုံးပုံစံမှာ ရှိနေဖို့ အမြဲတမ်းကြိုးစားနေခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်လို့ ပွဲအပြီးမှာ ပြောကြား သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ ဆီဒင်အဆင့် (၂) အယ်ကာရက်ဇ်နဲ့ အသက် ၂၃ နှစ်အရွယ် အီတလီနိုင်ငံသား ဆီဒင်အဆင့် (၈) ရထားတဲ့ မူဆက်တီ နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မူဆက်တီ ဟာ ကွာတားဖိုင်နယ်အဆင့်မှာ အမေရိကန်တင်းနစ်သမား တီယာဖို ကို အကြိတ်အနယ်ကစားပြီးမှ ဆီမီးဖိုင်နယ်အဆင့်ကို ကစားသမားဘဝ ဒုတိယ အကြိမ်မြောက်အဖြစ် တက်ရောက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

05 Jun

ADVERTISE HERE .