“ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် အမျိုးသမီးအလုပ်သမားများကို OWIC ကတ်ပြုလုပ်ခွင့်ပြု”
05 Jun
ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် အမျိုးသမီးအလုပ်သမား ၁၂၂ ဦးကို ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ရန်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ပေးရန် အလုပ်သမားဝန်ကြီးဌာန safe Migration က ဇွန်လ ၄ ရက်မှာ ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ အဆိုပါအမျိုးသမီးအလုပ်သမား ၁၂၂ ဦးတို့က ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၃၇ ခုမှ တစ်ဆင့်သွားရောက်ကြမှာဖြစ်ပြီး ယခုလိုခွင့်ပြုချက်ရရှိပြီးဖြစ်တဲ့အတွက် ၎င်းအမျိုးသမီး အလုပ်သမားများအနေနဲ့ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို ဇွန်လ ၅ ရက်တွင် တက်ရောက်ရမှာဖြစ်သလို OWIC ကတ်ကို ဇွန်လ ၆ ရက်တွင် ပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါသတ်မှတ်ရက်အတွင်း သင်တန်းတက်ရောက်ခြင်း OWIC ကတ်ပြုလုပ်ခြင်းများ မရှိပါ ပြန်လည် တင်ပြရမည်ဖြစ်သလို အေဂျင်စီများအနေဖြင့် OWIC ရရှိပြီးတဲ့ အလုပ်သမားများအတွက် စေလွှတ်ခွင့်နှင့် ထွက်ခွာမည့်ရက်တို့ကို ရက်သတ္တတစ်ပတ်အတွင်းဖော်ပြ၍ စေလွှတ်မည့် အလုပ်သမားစာရင်း၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ်မိတ္တူများနှင့်အတူ Excel Softcopy ပြုစုကာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ပြန်လည် တင်ပြရမည် ဖြစ်ကြောင်း သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာန safe Migration အနေနဲ့ ပြီးခဲ့တဲ့ မေလ ၂၈ ရက်က အေဂျင်စီ ၂၃ ခုမှ အမျိုးသမီးအလုပ်သမား ၉၃ ဦးအတွက် OWIC ကတ်ပြုလုပ်ပေးရန်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)