“ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းတွင် ကယ်ဆယ်သမား ၅၀ ဦး ထပ်မံတက်ရောက်မည်”
05 Jun
မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ ၁၁ ရက်မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား ၅၀ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဇွန်လ ၁၁ ရက်မှ ၁၅ ရက်အထိ ၅ ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကာ ကယ်ဆယ်ရေးသုံး Speed Boat အမျိုးအစားများအကြောင်း၊ တစ်ဦးခြင်း (သို့)အုပ်စုဖွဲ့ မောင်းနှင်ခြင်း စာတွေ့သင်ခန်းစာများ၊ ကယ်ဆယ်ရေးသုံး အင်ဂျင်များအကြောင်း၊ ကယ်ဆယ်ရေးသုံး အင်ဂျင်များပြုပြင်ခြင်း၊ ရေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် ဖြစ်ပွား တတ်သော အခက်အခဲများအား ဖြေရှင်းနည်းကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ရေစုန်/ ရေဆန်/ရေငြိမ်ကမ်းကပ်ခြင်း နှင့် ရေလှိုင်းတို့ ၏ သဘောသဘာဝများ၊ ရေပြင်အသက်ကယ် ဆောင်ရွက်ခြင်း နည်းစနစ်များ၊ စွမ်းရည်မြင့် Intelligent Life Buoy မောင်းနှင်ကယ်ဆယ်ခြင်းသဘောတရားများ၊ ရေပြင်ကယ်ဆယ် ရေးသုံး Life Line Shooter အသုံးပြုခြင်း နည်းစနစ်များနှင့် Sonar & GPS အသုံးပြုခြင်း နည်းလမ်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)