“Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများပြသခဲ့”
05 Jun
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေလ ၃၀ ရက်မှ ဇွန်လ ၂ ရက်အထိ ကျင်းပခဲ့တဲ့ Art Hong Kong Expo 2025 မှာ မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများကို ဝင်ရောက်ပြသခဲ့ကြောင်း သိရပါတယ်။ ပြပွဲမှာ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ယွန်းထည်ပစ္စည်းများ၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကူညီမှုဖြင့် “အောင်ဇေ” ပုလဲနှင့် လက်ဝတ်ရတနာကုမ္ပဏီက မြန်မာ့ပုလဲ၊ ကျောက်စိမ်း၊ မုတ်ကောင်ခွံဖြင့်ပြုလုပ်ထားသည့် အနုပညာပစ္စည်းများကို ပါဝင်ပြသခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါပြပွဲမှာ တရုတ်ပန်းချီနှင့် ကမ္ဗည်းမင်စာများ၊ ကြေးထည်နှင့် မြေထည်လက်ရာများ၊ ရှေးဟောင်းပစ္စည်းများ၊ ရွှေထည်နှင့် ငွေထည်လက်ရာများ၊ ကျောက်စိမ်း၊ ယွန်းထည်များ၊ ကျောက်မျက်ရတနာများ၊ ပန်းပု၊ ဓာတ်ပုံပညာ၊ ခေတ်မီအနုပညာနှင့် တပ်ဆင်မှုအနုပညာပြခန်းများလည်း ပါဝင်ပြသခဲ့ကြကြောင်း သိရပါတယ်။(NVS 004)