“ဆန်၊ ဆန်ကွဲတင်ပို့ခွင့်အတွက် မှတ်ပုံတင်လျှောက်ထားလိုသော ကုမ္ပဏီများအား EOI တင်ပြရန် ဖိတ်ခေါ်ထား”
04 Jun
ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့ခွင့်အတွက် မှတ်ပုံတင်လျှောက်ထားလိုသော ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာ EOI တင်ပြရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဖိတ်ခေါ်ထားပြီး ဇွန်လ ၃ဝ ရက် နောက်ဆုံးထားတင်ပြရမည်ဖြစ် ကြောင်း MRF မှ သိရပါတယ်။ သဘောတူစာချုပ်ပါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပုံမှန်စိစစ်မှတ်ပုံတင်ခြင်းများကို နှစ်စဉ်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ လျှောက်ထားရာမှာ ဆန်၊ ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီအသစ်များအနေနဲ့ EOI တင်ပြလျှောက် ထားနိုင်ပြီး လျှောက်လွှာတွေကို မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်နဲ့ စိုက်ပျိုးရေးဦးစီးဌာနမှရယူကာ ဇွန်လ ၃ဝ ရက်အထိ စိုက်ပျိုးရေးဦးစီးဌာနကို တင်ပြရမှာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတကာဆန်စပါးဈေးကွက်တွင် ဧည့်မထ၊ ငစိန် အုပ်စုဝင်များဖြစ်တဲ့ ဆင်းသုခ၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ စောရှုပ်၊ ၇၄၇ အစရှိသည့် ဆန်ကြမ်းအမျိုးအစားများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေ ကြောင်းမှ တင်ပို့မှုက ပိုမိုများပြားနေကြောင်း သိရပါတယ်။ (NVS-004)