“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှင့် MCEF တို့ပူးပေါင်း၍ ‘မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်’ ပြုလုပ်မည်”

04 Jun

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(MMPA)နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)တို့ပူးပေါင်းပြီး “မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်” ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ သစ်ပင်စိုက်ပွဲတော်ကို သစ်ပင်စိုက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန်ရည်ရွယ်၍ လှည်းကူးရှိ ရုပ်ရှင်မြို့တော် ဧက ၂၀၀ စီမံကိန်းတွင် ဇွန်လ ၁၅ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ရုပ်ရှင်အနုပညာရှင်များ၊ ဆောက်လုပ်ရေးလောကနှင့် ဆက်စပ်သည့်လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများဖြင့် စည်ကားစွာပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်များ၊ အိမ်ဆောက်ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များအ‌နေနဲ့ အမှတ်(၃)၊ သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ သုဝဏ္ဏလမ်းဆုံ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အသင်းရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။ (NVS-004)

04 Jun

ADVERTISE HERE .