“အင်တာမီလန်အသင်းနှင့် နည်းပြ ဆီမြွန်နီအင်ဇာဂီ တို့ နှစ်ဦးသဘောတူ လမ်းခွဲ”

04 Jun

အင်တာမီလန်အသင်းက အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီနှင့် နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နည်းပြ ဆီမြွန်နီအင်ဇာဂီ က ၂၀၂၁ ခုနှစ်မှာ အင်တာမီလန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးသော်လည်း လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ အင်ဇာဂီ က အင်တာမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ၁ ကြိမ်အပါအဝင် ဆုဖလား ၆ လုံးအထိ ရယူပေးနိုင်ခဲ့ပါတယ်။ ဆီမြွန်နီအင်ဇာဂီအနေဖြင့် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကို ကိုင်တွယ်ရန် သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး ယခုရက်သတ္တပတ်အတွင်း အတည်ပြုကြေညာဖွယ်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

04 Jun

ADVERTISE HERE .