“မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် အမ်ဘူမို ဆုံးဖြတ်ထားပြီးဖြစ်”

04 Jun

နာမည်ကျော် ဗြိတိန်ဂျာနယ်လစ် ဒေးဗစ်အွန်စတိန်း က ဘရန့်ဖို့ဒ်အသင်းမှ တိုက်စစ်ကစားသမား အမ်ဘူမို က မန်ယူအသင်းကို ပြောင်းရွှေ့ရန် ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် အမ်ဘူမို က ပြီးခဲ့တဲ့ရာသီ ဘရန့်ဖို့ဒ်အသင်းမှာ ပြိုင်ပွဲစုံ ၄၂ ပွဲကစားခဲ့ရာ သွင်းဂိုး ၂၀ သွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြပါတယ်။ အမ်ဘူမို က အဆိုပါအသင်းများထဲမှ မန်ယူအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဒေးဗစ်အွန်စတိန်းက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူအသင်းက ခေါ်ယူရန် မကြာမီ တရားဝင်ကမ်းလှမ်းဖွယ်ရှိကြောင်းလည်း ဆိုခဲ့ပါတယ်။ အမ်ဘူမို က ၂၀၁၉ ခုနှစ်မှာ ပြင်သစ်ကလပ် ထရွိုင်စ်အသင်းမှ ဘရန့်ဖို့ဒ်အသင်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄၂ ပွဲကစားကာ ဂိုး ၇၀ သွင်းယူပေးထားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်အသင်း က အမ်ဘူမို ရဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း ၅၀ နှင့်အထက် အလိုရှိနေပါတယ်။ (NVS 008)

04 Jun

ADVERTISE HERE .