“UEFA Nations League ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရည်မှန်းထားတယ်လို့ဆိုတဲ့ ပေါ်တူဂီနည်းပြ မာတီနက်ဇ်”

04 Jun

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ် က သူတို့အသင်းအနေနဲ့ UEFA Nations League ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို ဂျာမနီနိုင်ငံမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ဂျာမနီနဲ့ ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်တို့ ထိပ်တိုက်တွေ့ဆုံနေတာပါ။ ဂျာမနီနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ဇွန်လ ၅ ရက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ပေါ်တူဂီနည်းပြ မာတီနက်ဇ်က သူတို့အသင်းဟာ UEFA Nations League ဆီမီးဖိုင်နယ်ရောက် အသင်းတွေ ဖြစ်တဲ့ ဂျာမနီ၊ စပိန်နဲ့ ပြင်သစ်တို့လို အဆင့်အတန်းမျိုးရှိပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းဟာ ၂၀၁၈-၁၉ ရာသီက စတင်ကျင်းပခဲ့တဲ့ UEFA Nations League ပြိုင်ပွဲမှာ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်နေပြီး အခုပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ဗိုလ်စွဲဖို့ ရည်မှန်းနေတာလည်း ဖြစ်ပါတယ်။ (NVS 008)

04 Jun

ADVERTISE HERE .