“လီဗာပူးလ်အသင်းမှာ နံပါတ် (၁၀) ဝတ်ဆင်ခွင့်ရရန် ဖလော်ရီယန်ဗက်ဇ် အလိုရှိ”
04 Jun
လေဗာကူဆင်အသင်းမှ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ် က လီဗာပူးလ်အသင်းမှာ ကျောနံပါတ်(၁၀) ဝတ်ဆင်ခွင့်ရရှိရန် အလိုရှိနေကြောင်း သိရပါတယ်။ ဖလော်ရီယန်ဗက်ဇ် က လီဗာပူးလ်အသင်းသို့ ရောက်ရှိရန် နီးစပ်နေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၄၀ ဝန်းကျင်နဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ်ရှိကြောင်း ဂျာမန်မီဒီယာများက ဖော်ပြလျက်ရှိပါတယ်။ ဗက်ဇ် ကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပါတယ်။ ဗက်ဇ် က လေဗာကူဆင် အသင်းမှာ နံပါတ် (၁၀) ဝတ်ဆင်နေသူဖြစ်တဲ့အတွက် လီဗာပူးလ်အသင်းမှာလည်း နံပါတ် (၁၀) ဝတ်ဆင်ခွင့်ရရှိရန် မျှော်လင့်နေကြောင်း သိရပါတယ်။ (NVS 008)
04 Jun