“ပြင်သစ်အိုးပင်းနိုင်ပွဲ ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ဂျိုကိုဗစ်”
04 Jun
ပြင်သစ်အိုးပင်း တစ်ဦးချင်းချန်ပီယံဆုကို ၃ ကြိမ်ရရှိထားတဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ် ဟာ ဇွန်လ ၂ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ပွဲရလဒ်ကြောင့် ပြင်သစ်အိုးပင်းနိုင်ပွဲ ၁၀၀ ပြည့်ခဲ့ပါတယ်။ ပြင်သစ်အိုးပင်း တင်းနစ်အမျိုးသားတစ်ဦးချင်း စတုတ္ထအဆင့်ပွဲအဖြစ် ဂျိုကိုဗစ်နဲ့ ဗြိတိန်တင်းနစ်သမား နော်ရီတို့ ယှဉ်ပြိုင်ခဲ့ ကြတာဖြစ်ပြီး ဂျိုကိုဗစ်က ၆း၂၊၆း၃၊၆း၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ နော်ရီ ကို အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းနဲ့အတူ ဂျိုကိုဗစ် ဟာ စပိန်တင်းနစ် သမား နာဒယ် ပြီးနောက် ပြင်သစ်အိုးပင်းနိုင်ပွဲ ၁၀၀ ပြည့်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ နာဒယ် ကတော့ ပြင်သစ်အိုးပင်းနိုင်ပွဲ ၁၁၂ ပွဲနဲ့ နိုင်ပွဲအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားခဲ့ပါတယ်။ ကွာတားဖိုင်နယ် အဆင့်မှာ ဂျိုကိုဗစ် ဟာ ဆီဒင် အဆင့် (၃) ရထားတဲ့ ဂျာမနီတင်းနစ်သမား ဗီရက်ဗ်နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဂျိုကိုဗစ်ကတော့ ပြင်သစ်အိုးပင်းနိုင်ပွဲ ၁၀၀ ပြည့်ခဲ့တဲ့အတွက် ပျော်ရွှင်မိသလို နောက်ထပ်နိုင်ပွဲတွေ ထပ်မံရယူ နိုင်ဖို့ကိုလည်း ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ (NVS 008)