“ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေဟု ဆို”
04 Jun
အမေရိကန်သမ္မတ ချမှတ်ထားသော သွင်းကုန်အခွန်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကုန်သွယ်ရေးစစ်ပွဲ သည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေနိုင်ကြောင်းနှင့် အထူးသဖြင့် အမေရိကန်၏စီးပွားရေးကို အထိနာ စေမည်ဖြစ်ကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (OECD) က ဇွန်လ ၃ ရက် တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၃ ဒသမ ၃ ရာခိုင်နှုန်းရှိ သော်လည်း ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် ၂ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိမည်ဟု ခန့်မှန်းရကြောင်း OECD အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် ၃ ရာခိုင်နှုန်းကျော်ရှိမည်ဟု မတ်လတွင် ခန့်မှန်းခဲ့ သော်လည်း ထရမ့် က သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံမှု မူဝါဒကို ချမှတ်ပြီးနောက် OECD အဖွဲ့က ကမ္ဘာ့ စီးပွားရေးတိုးတက်မှုကို လျှော့ချ ခန့်မှန်းလိုက်ခြင်း ဖြစ်ကြောင်း Bangkok Post သတင်းဌာနဖော်ပြချက်အရ သိရ သည်။