“ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)မှာ သင်တန်းသားများခေါ်ယူ”
04 Jun
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရုံးဌာနမှာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)မှာ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများ ခေါ်ယူ ထားကြောင်း သိရပါတယ်။ အဆိုပါ သင်တန်းသို့ တက်ရောက်လိုသူများအနေနဲ့ လက်ရက်ကန်းသင်တန်းကာလမှာ ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ၆ လ သင်တန်းကာလဖြစ်ပြီး သင်တန်းသားဦးရေ ၁၀ ဦးလက်ခံမှာ ဖြစ်ပါတယ်။ ပညာအရည်အချင်းအနေနဲ့ အခြေခံပညာမူလတန်းအောင်မြင်ပြီးသူ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း အိမ်ထောင် မရှိသူ အပျို/လူပျိုဖြစ်ရပါမယ်။ အဆိုပါသင်တန်းဝင်ခွင့်အတွက် ပညာအရည်အချင်းထောက်ခံချက်၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ရမည့်နေရာကတော့ တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက်ဖြစ်ပါတယ်။ သင်တန်းနှင့် ပတ်သက်၍ ဆက်သွယ်စုံစမ်းလိုပါက ဖုန်း ၀၈၁-၂၁၂၁၆၁၄၊ ဝ၉-၄၂၅၈၈၈၇၈၂ သို့ ဆက်သွယ်နိုင်ပြီး သင်တန်းတက်ရောက်စဉ် ကျောင်းအဆောင်မှာ အခမဲ့ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အစိုးရမှ ပညာသင်ထောက်ပံ့ကြေး တစ်ဦးလျှင် တစ်လ ၃၀,၀၀၀/- ကျပ်နှင့် စားသောက်စရိတ်အဖြစ် တစ်ဦးလျှင် တစ်ရက် ၁၅၀၀/- ကျပ်နှုန်း ထောက်ပံ့ပေးအပ်မှာဖြစ်ကာ ဇွန်လ ၂၉ ရက် နောက်ဆုံးထား၍ လျှောက်ထား နိုင်ကြောင်း သိရပါတယ်။ (NVS 004)