“နှစ်ပတ်တာကာလအတွင်း ကိုဗစ်ပိုးတွေ့သူ ၂၀ ကျော်အထိရှိလာ”

04 Jun

မေလ ၁၈ ရက်မှ ဇွန်လ ၁ ရက်အထိ နှစ်ပတ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်- ၁၉ ရောဂါအတည်ပြုလူနာသစ် ၂၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ အဆိုပါတွေ့ရှိမှုများထဲမှ လှိုင်မြို့နယ်က အများဆုံး ဖြစ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။ ထုတ်ပြန်ချက်များအရ ပြီးခဲ့တဲ့ မေလ ၁၈ ရက် မှ ၂၅ ရက်အထိကာလအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၇၅၄ ခုကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆ ဦးတွေ့ရှိခဲ့သလို မေလ ၂၅ ရက်မှ ဇွန်လ ၁ ရက်အထိကာလအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၇၇၈ ခုကို စစ်ဆေးခဲ့ရာတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာသစ် ၁၇ ဦး ထပ်မံတွေ့ရှိခဲ့တာကြောင့် နှစ်ပတ်တာကာလအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂၃ ဦးအထိ ရှိလာခဲ့ပါတယ်။ အဆိုပါ အတည်ပြုလူနာအသစ်များထဲတွင် လှိုင်မြို့နယ်မှ သုံးဦးဖြင့် အများဆုံးဖြစ်ပြီး ဒဂုံမြို့နယ်၊ ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အလုံမြို့နယ်တို့မှ နှစ်ဦး၊ အင်းစိန်မြို့နယ်၊ သာကေတမြို့နယ်၊ ကော့မှူး မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တို့မှ တစ်ဦးစီတို့ဖြစ်ကြပါတယ်။ ယခုပြန်လည်တွေ့ရှိလာသော ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် သေဆုံးမှုမရှိသဖြင့် စိုးရိမ်ဖွယ်ရာ မရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သည့်အနေဖြင့် ကာကွယ်ဆေးများ ထပ်ဆောင်း ထိုးနှံကြရန် လိုအပ်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသလို လေဆိပ်၊ ဆိပ်ကမ်းများနှင့် နယ်စပ်ဂိတ်များ၌ စစ်ဆေးမှုများ ယခင်ထက် ပိုမိုပြုလုပ်နေကြောင်းလည်း သိရပါတယ်။ (NVS 004)

04 Jun

ADVERTISE HERE .