“မန္တလေးငလျင်ကြီးကြောင့် ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲ ပြန်လည်ဖြေဆို”
04 Jun
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်နားထားခဲ့ရတဲ့ အစိုးရဓမ္မာစာရိယစာမေးပွဲ များကို ဇွန်လ ၂ ရက်ကနေစတင်ကာ ပြန်လည်ဖြေဆိုလျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါဓမ္မာစာရိယစာမေးပွဲဟာ ၂၀၂၅ ခုနှစ်အတွက် ဖြေဆိုကြခြင်းဖြစ်ပြီး မန္တလေးမြို့ရှိ မြို့နယ် ၉ မြို့နယ်မှ သတ်မှတ်စာဖြေဌာနများမှာ သံဃာတော်များ၊ သီလရှင်များ ဝင်ရောက်ဖြေဆိုနေကြခြင်းဖြစ်ပါတယ်။ စာမေးပွဲ ဖြေဆိုရာစာစစ်ဌာနများသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)
04 Jun