“အသေးစားကုန်ထုတ်လုပ်ငန်းစီမံကိန်း ၁၅ ခုဆောင်ရွက်မည်”
03 Jun
စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးအတွက် စီမံကိန်းလုပ်ငန်း ၁၅ ခု ဖွင့်လှစ်သွားမှာဖြစ်ပြီး ထူးချွန်သင်တန်းသားများကို လုပ်ငန်းသုံးပစ္စည်းများ ငှားရမ်းပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များနှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့်ဌာနမှ ဝန်ထမ်း များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဇွန်လ ၂ ရက်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်း အဝေးခန်းမမှာ ဖွင့်လှစ်ခဲ့ပြီး သင်တန်း၌ ဘဏ္ဍာရေးဆိုင်ရာစာရင်းရေးဆွဲနည်းနှင့် ထိန်းသိမ်းနည်း၊ ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ်ကောင်းများနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများ၊ ထူထောင် လိုသော လုပ်ငန်းအမျိုးအစားအလိုက် စောင့်ကြည့်လေ့လာ ကြီးကြပ်စိစစ်အကဲဖြတ်ခြင်း M&E ဘာသာရပ်များကို သက်ဆိုင်ရာနည်းပြများမှ သင်ကြားပေးလျက်ရှိပါတယ်။ အသေးစားစက်မှုလက်မှုလုပ်ငန်းစီမံကိန်း ၁၅ ခုတွင် စီမံကိန်းလုပ်ငန်းတစ်ခုစီတိုင်းမှ ထူးချွန်သင်တန်းသား ငါးဦးစီရွေးချယ်၍ ငွေကျပ် ၁၄ သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းများ ငှားရမ်းသုံးစွဲခွင့်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ အသေးစားလုပ်ငန်းများ ပေါ်ပေါက်လာခြင်းဖြင့် နိုင်ငံတော်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)