“ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ သန်းဝန်းကျင် တင်ပို့နိုင်ရန်လျာထား”

03 Jun

ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၃ သန်းဝန်းကျင် တင်ပို့နိုင်ရန် လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်း နှစ်ခုလုံးမှ တင်ပို့လျက်ရှိရာ နယ်စပ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိနေပါတယ်။ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလအတွင်းမှာ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁၄၂,၇၈၈ တန် တင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှ တင်ပို့နိုင်ခြင်းမရှိသော်လည်း တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲနှစ်မျိုးလုံး အများဆုံး တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန် နှစ်သန်းခွဲမပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့ နိုင်ခဲ့ကြောင်း MRF မှထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS-004)

03 Jun

ADVERTISE HERE .