“Sprite အချိုရည်ဘူးများကို FDA ထောက်ခံချက်မရှိဘဲ တရားမဝင် တုပထုတ်လုပ်ရောင်းချနေ”

03 Jun

ထိုင်းဘာသာဖြင့် ကပ်နှိပ်ထားသည့် Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူးများကို FDA ထောက်ခံချက် မရှိဘဲ တရားမဝင်တုပထုတ်လုပ် ဖြန့်ဖြူးရောင်းချနေကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရပါ တယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအသောက်များကို အများပြည်သူ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိတွင် ထိုင်းဘာသာဖြင့် ကပ်နှိပ်ထားသည့် Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူးများကို FDA ထောက်ခံချက်မရှိဘဲ ဈေးကွက်အတွင်း တရားမဝင်တုပထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသည်ကို စိစစ်တွေ့ရှိရပြီး စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် အဆိုပါ အချိုရည်ဘူးများအား ဝယ်ယူသုံးစွဲခြင်းမပြုရန် သတိပေးထားပါတယ်။ ဖြန့်ဖြူးရောင်းချသူများကိုမူ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ၂၈(က)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးထားကြောင်း သိရပါတယ်။ (NVS-004)

03 Jun

ADVERTISE HERE .