“မန်းစည်ပင်နယ်နိမိတ်အတွင်းရှိ ငလျင်ဒဏ်သင့် အဆောက်အအုံဖြိုဖျက်မှု ၄၄ ရာခိုင်နှုန်းကျော်ပြီးစီး”

03 Jun

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ(MCDC) နယ်နိမိတ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ဖြိုဖျက်ရမည့် အဆောက်အအုံ ၄၄ ရာခိုင်နှုန်းခန့် ဖြိုဖျက်ပြီးစီးပြီဖြစ်တယ်လို့ MCDC မှ သိရပါတယ်။ စည်ပင်သာယာရေး ဧရိယာများဖြစ်သည့် အောင်မြေသာစံမြို့နယ်တွင် ၄၃ ဒသမ ၅၄ ရာခိုင်နှုန်း၊ ချမ်းအေးသာစံ မြို့နယ်တွင် ၃၆ ဒသမ ၅၈ ရာခိုင်နှုန်း၊ မဟာအောင်မြေမြို့နယ်တွင် ၄၇ ဒသမ ၈၆ ရာခိုင်နှုန်း၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၄ ဒသမ ၅၇ ရာခိုင်နှုန်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၁ ဒသမ ၈၂ ရာခိုင်နှုန်းနှင့် အမရပူရမြို့နယ်တွင် ၉၃ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် သတ်မှတ်ချက်များအတိုင်း ဖြိုဖျက်ပြီးစီးနေပြီဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်ရာတွင် အဆောက်အအုံများဖြိုချနိုင်ရေးအတွက် စက်ယန္တရား မလောက်ငမှုများလည်း ရှိနေ ပါတယ်။ လက်ရှိမိုးဦးကာလတွင် နောက်ဆက်တွဲငလျင်ငယ်များလည်း ဆက်လက်လှုပ်ခတ်နေဆဲဖြစ်လို့ မန္တလေးမြို့၌ ငလျင်ဒဏ်သင့်အဆောက်အအုံအချို့များလည်း ပြိုကျမှုများဖြစ်ပွားလျက်ရှိနေပါတယ်။ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် မန္တလေး ၆ မြို့နယ်အတွင်း ဆောက်လုပ်ဆဲအဆောက်အအုံများ၏ ပင်မတိုင်များ ပျက်စီးမှုရှိ/မရှိ ပြန်လည်စစ်ဆေးရန် လိုအပ်တာကြောင့် ခေတ္တရပ်နားထားကြရန် မန်းစည်ပင်က အသိပေးထားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားဝင်ဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

03 Jun

ADVERTISE HERE .