“ပရိသတ်များရွေးချယ်တဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ လီဗာပူးလ်အသင်းမှ ကစားသမား ၃ ဦးပါဝင်”

03 Jun

ပရိသတ်များရွေးချယ်တဲ့ ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ ချန်ပီယံလီဗာပူးလ် အသင်းမှ ကစားသမား ၃ ဦး ပါဝင်ကာ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ် အဆိုပါအသင်းကို (၄-၄-၂)ပုံစံနဲ့ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်းနှင့် နော်တင်ဟမ်အသင်းတို့ မှလည်း ကစားသမား ၂ ဦးစီပါဝင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ ဂိုး- မက်ဇ်ဆဲလ်စ်(နော်တင်ဟမ်ဖောရက်စ်)၊ နောက်- မူနော့ဇ်(ပဲလေ့စ်)၊ ဆာလီဘာ(အာဆင်နယ်)၊ ဗန်ဒိုက်(လီဗာပူးလ်)၊ ကာကက်ဇ်(ဘုန်းမောက်)၊ လယ်- ဆာလာ၊ ဂရာဗန်ဘတ်ချ်(လီဗာပူးလ်)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ အမ်ဘူမို(ဘရန့်ဖို့ဒ်)၊ ရှေ့- အီဆက်ခ်(နယူးကာဆယ်)၊ ခရစ္စဝုဒ်(နော်တင်ဟမ်ဖောရက်စ်)တို့ ဖြစ်ပါတယ်။ ယခုအသင်းကို ပရိသတ်များရဲ့ ဆန္ဒမဲအပေါ် အခြေခံကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဝက်ဘ်ဆိုက်မှတစ်ဆင့် ပရိသတ်များကို အကောင်းဆုံးအသင်းတစ်သင်းစီ ရွေးချယ်စေပြီး ယင်းရွေးချယ်မှုမှ မဲအများဆုံးရရှိတဲ့ ကစားသမားများနဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်း ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

03 Jun

ADVERTISE HERE .