“ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြောင်းအရွှေ့စျေးကွက် စတင်ဖွင့်လှစ်”
03 Jun
ယခုနှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်ရွယ်၍ ဇွန်လ ၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၄ မှ ဇူလိုင်လ ၁၃ အထိ ကျင်းပမှာဖြစ်လို့ ပြိုင်ပွဲဝင်အသင်းများ ပြင်ဆင်မှုရရှိစေရန် အထူးအစီအစဉ်အဖြစ် အပြောင်းအရွှေ့စျေးကွက်ကို ဇွန်လ ၁ မှ ၁၀ ရက်အထိ ဖွင့်လှစ်ပေးမည် ဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၁၆ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ပုံမှန်အတိုင်း အပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မန်စီးတီးအသင်းကလည်း ကလပ်ကမ္ဘာ့ဖလား မစတင်မီ အပြောင်းအရွှေ့လှုပ်ရှားမှုများ အပြီးသတ်လုပ်ဆောင်သွားရန် ရည်ရွယ်နေကြောင်းလည်း သိရပါတယ်။ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်မရရှိတဲ့ အသင်းများရဲ့ ကစားသမားခေါ်ယူမှုများကတော့ ဇွန်လ ၁၆ ရက်မှသာ စတင်အကျုံးဝင်မှာ ဖြစ်ပါတယ်။ (NVS 008)
03 Jun