“၂၀၂၆ အာရှဖူဆယ် ခြေစစ်ပွဲနှင့် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း”

03 Jun

၂၀၂၆ အာရှဖူဆယ် ခြေစစ်ပွဲနှင့် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းက ဇွန်လ ၂ ရက်မှာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းက တစ်ပတ် ၂ ရက် အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့ တို့မှာ လေ့ကျင့်လျက် ရှိတယ်လို့ ဖူဆယ်ကော်မတီက အသိပေးထားပါတယ်။ အသင်းအနေနဲ့ စက်တင်ဘာလမှာ ၂၀၂၆ အာရှဖူဆယ် ခြေစစ်ပွဲ၊ ဒီဇင်ဘာလမှာ ဆီးဂိမ်းပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းကို ကစားသမား ၁၉ ဦး၊ အုပ်ချုပ်နည်းပြ ၉ ဦးနဲ့ စုဖွဲ့ပြင်ဆင်ထားကြောင်း သိရပါတယ်။ (NVS 008)

03 Jun

ADVERTISE HERE .