“၂ဝ၂၅-၂ဝ၂၆ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းသား၊ ကျောင်းသူ သိန်း ၆၀ ကျော်တက်ရောက်”

03 Jun

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဇွန်လ ၂ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရပါတယ်။ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ စတင်ဖွင့်လှစ်တဲ့နေ့မှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆,၁၁၉,၂၆၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ ကျောင်းသူများကို ကျောင်းအပ်နှံချိန်မှာ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ ထုတ်ပေးပြီး KG နှင့် မူလတန်းကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရပါတယ်။ အလားတူ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ် နောက်ကျနေတဲ့ ကျောင်းသား/ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်းလည်း သိရပါတယ်။(NVS 004 )

03 Jun

ADVERTISE HERE .