“စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဇွန်လ ၁ ရက်ကနေ စတင်ထုတ်ပေးနေ”

03 Jun

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူများရဲ့ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို အခြေခံပညာကျောင်းများတွင် ဇွန်လ ၁ ရက်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများမီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ကျင်းပစစ်ဆေးမည်ဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းအချိန်က ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ်မှာထားရှိတဲ့ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ပြန်လည်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။ အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ဖြေဆိုသွား ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီဌာန အသိပေးထုတ်ပြန်ထားပါတယ်။(NVS 004)

03 Jun

ADVERTISE HERE .