“French Open မှာ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တဲ့ ဗြိတိန်တင်းနစ်သမား ဂျက်ဒရိတ်ပါ”
02 Jun
French Open တင်းနစ်ပြိုင်ပွဲရဲ့ တတိယအဆင့် ပွဲစဉ်မှာ ဗြိတိန် တင်းနစ်သမား ဂျက်ဒရိတ်ပါ က ဘရာဇီး တင်းနစ်သမား ဂျာအို ဖွန်စီကာ(Joao Fonseca) ကို ၃ ပွဲပြတ်နဲ့ အနိုင်ယူရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဂျက်ဒရိတ်ပါ ဟာ လက်ရှိကျင်းပနေတဲ့ French Open မှာ နိုင်ခြေအဆင့် ၅ သတ်မှတ်ခံထားရတဲ့ တင်းနစ်သမားတစ်ဦး ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ ဂျက်ဒရိတ်ပါ က ဂျာအို ဖွန်စီကာ ကို ၆-၂ ၊ ၆-၄ ၊ ၆-၂ နဲ့ ၃ ပွဲပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ATP Tour ပြိုင်ပွဲတွေမှာ ဒုတိယအကြိမ်အဖြစ် တွေ့ဆုံကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ်တွေ့ဆုံချိန်မှာ ဂျက်ဒရိတ်ပါ ကပဲ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ (NVS 008)
02 Jun