“မက်ဆီရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲဆက်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်း”
02 Jun
ပြီးခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းနှင့် ကိုလံဘတ်စ်ခရူအသင်းတို့ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းက ၅ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ က ကိုယ်တိုင်နှစ်ဂိုးသွင်းယူကာ နှစ်ဂိုး ဖန်တီးပေးခဲ့ပြီး ပွဲစဉ် အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ် ကလည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့နိုင်ပါတယ်။ အခုနိုင်ပွဲဟာ အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ်နှစ်ပွဲဆက် ပြန်လည်အနိုင်ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)
02 Jun