“ရီးရဲလ်အသင်းမှာ ဆက်နေရန်သာ ဆန္ဒရှိတယ်လို့ဆိုတဲ့ ရိုဒရီဂို”
02 Jun
ရီးရဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ရိုဒရီဂို က ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်တဲ့ ချဲလ်ဆီး အသင်းနှင့် အာဆင်နယ်အသင်းတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပေမယ့် ရီးရဲလ်အသင်းမှာသာ ဆက်နေဖို့ ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်ကစားသမား ရိုဒရီဂို ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ရီးရဲလ်အသင်းမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၁၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်အသင်းက ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ၎င်းကို ရောင်းထုတ်ဖွယ်ရှိနေပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်တဲ့ ချဲလ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့က ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။ (NVS 008)
02 Jun