“အနာဂတ်မှာ လာလီဂါတွင် ကစားလိုကြောင်း ဖွင့်ဟခဲ့တဲ့ စပါးနောက်ခံကစားသမား ရိုမဲရိုး”

02 Jun

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ စပါးအသင်းနောက်ခံကစားသမား ရိုမဲရိုး က အနာဂတ်မှာ လာလီဂါပြိုင်ပွဲတွင် ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုမဲရိုး က ၂၀၂၄-၂၅ ရာသီကုန်မှာ စပါးအသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပြောကြားထားခဲ့ပါတယ်။ ဒါကြောင့် စပိန်ထိပ်သီး အက်သလက်တီကိုမက်ဒရစ်အသင်းက ခေါ်ယူဖို့အတွက် ချိတ်ဆက်နေပြီး ယခုနွေရာသီအပြောင်းအရွှေ့မှာ ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။ ရိုမဲရိုး အနေနဲ့ အနာဂတ်မှာ လာလီဂါပြိုင်ပွဲတွင် ကစားလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

02 Jun

ADVERTISE HERE .