“ရုရှားကိုယ်စားလှယ်အဖွဲ့က ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် တူကီယဲသို့ထွက်ခွာ”

02 Jun

ရုရှားကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် တူကီယဲ နိုင်ငံ အစ္စတန်ဘူမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း အရင်းအမြစ်တစ်ခုက ဇွန်လ ၁ ရက်တွင် ပြောသည်။ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဝန်ကြီး ရူစတမ် အူမာရော့ဗ် က ဦးဆောင်ထားကြောင်း သိရသည်။ ရုရှား ကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ဇွန်လ ၂ ရက်တွင် တွေ့ဆုံ၍ တိုက်ရိုက် ဆွေးနွေး မည် ဖြစ်သည်။ သို့ရာတွင် ယူကရိန်းနှင့်ထပ်မံကျင်းပမည့် ဆွေးနွေးပွဲတွင်လည်း ရုရှားကိုယ်စားလှယ်အဖွဲ့၏ ရပ်တည်ချက် သည် မေလ ၁၆ ရက်တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲအတွင်း ချမှတ်ခဲ့သည့် သဘောထားအတိုင်း ပြောင်းလဲမည် မဟုတ်ကြောင်း ရုရှားအစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က ပြောကြားထားကြောင်း သိရသည်။ တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သူအားလုံးအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်စေရန်အတွက် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံကြား ဆွေးနွေးပွဲများ ထပ်မံကျင်းပနိုင်ရန်အတွက်လည်း ရုရှား နိုင်ငံ က ထောက်ခံအားပေးလျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် က အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း Ivz သတင်းဌာနဖော်ပြချက်အရ သိရသည်။

02 Jun

ADVERTISE HERE .