“ဟားမတ်စ်ခေါင်းဆောင်သစ်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်ထုတ်ပြန်”

02 Jun

ဂါဇာကမ်းမြောင်ဒေသတွင်လုပ်ဆောင်ခဲ့သည့် လေကြောင်းမှတိုက်ခိုက်မှုအတွင်း ဟားမတ်စ်အဖွဲ့မှ ခေါင်းဆောင်သစ်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ထုတ်ပြန်သည်။ ဟားမတ်စ်အဖွဲ့မှ ခေါင်းဆောင် သစ် မူဟာမက်ဆင်ဝါကို ပြီးခဲ့သည့်လအတွင်း က ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ခန်းယူနစ်မြို့၌ လုပ်ဆောင်ခဲ့ သည့် စစ်ဆင်ရေးအတွင်း အစ္စရေးတပ်မတော်က ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်ဆင်ရေးအား ထောက်လှမ်းရေး တပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော် က မေလ ၃၁ ရက်တွင် ထုတ်ပြန်သည်။ လေကြောင်းမှတိုက်ခိုက်မှုလုပ်ဆောင်စဉ်အတွင်း ဟားမတ်စ်ခေါင်းဆောင်သစ် ဆင်ဝါသည် မြေအောက်ရှိ ကွပ်ကဲ ထိန်းချုပ်ရေးဌာနတွင် ရှိနေခဲ့ကြောင်း သိရသည်။ ဆင်ဝါသည် ၎င်း၏ညီအစ်ကိုဖြစ်သူ ယာယာဆင်ဝါနှင့် ဟားမတ်စ်အဖွဲ့၏ အဆင့်မြင့်တပ်မှူးတစ်ဦးဖြစ်သူ မူဟာမက်ဒိပ်တို့အား အစ္စရေးတပ်မတော်က ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ချေမှုန်းခဲ့ပြီးနောက် အဖွဲ့၏ခေါင်းဆောင်သစ်အဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ခေါင်းဆောင်သစ် ဆင်ဝါ ချေမှုန်းခံခဲ့ရသည့်အကြောင်းအရာနှင့် စပ်လျဉ်း၍ ဟားမတ်စ်အဖွဲ့က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိ ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

02 Jun

ADVERTISE HERE .