“မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်များသို့ ဧရာဝတီမြစ်ရေဝင်ရောက်”
02 Jun
မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ မေလ ၃၁ ရက် ညပိုင်းကစပြီး ရေဝင်ရောက်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။ ရေဝင်နေတဲ့ရပ်ကွက်တွေမှာ မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လ ၂ ရက် မနက် ၇ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ စိုးရိမ် ရေမှတ်အထက်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အသိပေးထားပါတယ်။ (NVS 004)