ဂါဇာ၌ ရက်ပေါင်း ၆ဝ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အစ္စရေးနှင့် ဟားမတ်တို့သဘောတူ
31 Mayအစ္စရေးနှင့် ဟားမတ်တို့က ဂါဇာဒေသ၌ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောတူလိုက်ပြီဖြစ်ကြောင်း အမေရိကန်သတင်းဌာနများက ဖော်ပြထားသည်။ အမေရိကန်အထူးကိုယ်စားလှယ် စတိဝစ်ကော့ အဆိုပြုထားသည့် လမ်းပြမြေပုံကိုလက်ခံရန် အသင့် ရှိသည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဂါဇာ၌အဖမ်းခံထားရသည့် ဓားစာခံများ၏ မိသားစုဝင်များနှင့် တွေ့ဆုံစဉ် ပြောခြင်းဖြစ်သည်။ အလားတူ ဟားမတ်အဖွဲ့သည် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် အပြန်အလှန် အနေဖြင့် ၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားသော ဓားစာခံများကို ပြန်လွှတ်ပေးရန် သဘောတူသည်ဟု အာရပ်မီဒီယာ များက ဖော်ပြထားသည်။ ဟားမတ်အဖွဲ့အနေဖြင့် ၎င်းတို့ထိန်းသိမ်းထားသော အသက်ရှင်လျက်ရှိသူ ဓားစာခံ ၁၀ ဦးနှင့် သေဆုံး သွားသူ ၁၈ ဦး၏ အလောင်းများကို သီတင်းပတ်တစ်ပတ်အတွင်း လွှဲပြောင်းပေးသွားမည်ဖြစ်သည်။ သို့သော် ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ခြင်း ရှိ၊ မရှိကိုမူ စိုးရိမ်နေကြောင်းသိရသည်။