အန်တိုနီ ကို အပြီးခေါ်ယူရန်ဆုံးဖြတ်ခဲ့တဲ့ ဘက်တစ်အသင်း

30 May

ဘက်တစ်အသင်းက မန်ယူအသင်းထံမှ အငှားစာချုပ်ဖြင့်ခေါ်ယူထားသည့် တောင်ပံကစားသမား အန်တိုနီ ကို အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် အန်တိုနီ ဟာ မန်ယူအသင်းတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရပြီး ပွဲကစားခွင့်များပါ နည်းပါးလာခဲ့လို့ ပြီးခဲ့တဲ့ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့တွင် ဘက်တစ်အသင်းထံ ရာသီဝက်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ အန်တိုနီ အနေနဲ့ ဘက်တစ်အသင်းတွင် ဒုတိယရာသီဝက်တွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းနှင့် အတူ ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားခဲ့ရာ ကိုးဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုငါးကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘက်တစ်အသင်း ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ရာမှာ အန်တိုနီ က အဓိက ကစားသမားတစ်ဦး အဖြစ် ပါဝင်ခဲ့ပါတယ်။ ဘက်တစ်အသင်းက အန်တိုနီ ကို အငှားစာချုပ်ဖြင့် ခေါ်ယူစဉ်က စာချုပ်သက်တမ်းကုန်ဆုံးပါက အပြီးသတ် စာချုပ်ဖြင့် ဝယ်ယူနိုင်ကြောင်းပါရှိခဲ့လို့ ဘက်တစ်အသင်းက အသင်းတွင် ခြေစွမ်းပြသလျက်ရှိသည့် အန်တိုနီကို အပြီးသတ်စာချုပ် ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

30 May

ADVERTISE HERE .