စပါးအသင်းက ဘိုင်ယန်မြူးနစ်အသင်းမှ ဆာနေး ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်ကမ်းလှမ်း
30 May
စပါးအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းကာလတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ဆာနေးကို အလွတ် ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ စပါးအသင်းက ယခုနှစ်ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားရမှာဖြစ်လို့ ကစားသမားအင်အား ဖြည့်တင်းရန်အတွက် ကြိုးပမ်းနေပြီး ယခုအခါ ပထမဆုံးကစားသမား ခေါ်ယူမှုအဖြစ် ဆာနေး ကိုခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဆာနေး အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းမှာ လာမည့်ဇွန်လ အကုန်တွင် ကုန်ဆုံးမည်ဖြစ်ကာ အသင်းကလည်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုခြင်းမရှိတဲ့အတွက် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာရမှာဖြစ်ပါတယ်။ ဒါကြောင့် စပါးအသင်းက အခြားပရီးမီးယားလိဂ် အသင်းများထက် အပြောင်းအရွှေ့ကာလမတိုင်မီ ကမ်းလှမ်းမှုများ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)